Tuesday, October 14, 2008

Caricature (သို့) ရုပ်ပြောင်

မင်္ဂလာပါ။ ဖြစ်သလိုလေးပဲ စားနေရတာနဲ့ ပို့စ်အသစ်လေးကို အခုမှပဲ တင်ဖြစ်ပါတော့တယ်။ ဟီး...
ဘလော့ဂ်လေးကို အလည်လာရင်း Comment လေးတွေရေးပေးသွားတာ ကျေးဇူးပါနော်...

ဒီနေ့ ကယ်ရီကေးချား အကြောင်းလေး တင်ဆက်ပါ့မယ်။ Wiki မှာတော့ A caricature is either a portrait that exaggerates or distorts the essence of a person or thing to create an easily identifiable visual likeness, or in literature, a description of a person using exaggeration of some characteristics and oversimplification of others လို့ရေးသားထားပါတယ်။

မြန်မာလိုဆိုရင်တော့ ရုပ်ပြောင်ပေါ့။ ဒီလို ရုပ်ပြောင်လေးတွေကို မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတွေမှာ တွေ့ရတတ်ပါတယ်။ Caricaturist တွေဟာ လူမျက်နှာ ရေးဆွဲတဲ့အခါမှာ အလွယ်တကူ ထင်းထင်းကြီးတွေ့မြင်ရတဲ့ ထူးခြားတဲ့ သွင်ပြင်ကို ချဲ့ကားရေးဆွဲ တတ်ပါတယ်။

ကဲ... ပထမဆုံး Movie Stars တွေရဲ့ ကယ်ရီကေးချားလေးတွေကို ကြည့်ရင်း ဘယ်သူတွေများလဲဆိုတာ ခန့်မှန်းကြည့်ကြရအောင်နော်...












ဒီတစ်ခါတော့ သီချင်းကောင်းလေးတွေ အမြဲသီဆိုဟစ်ကြွေးနေတဲ့ အဆိုကျော်တွေပေါ့.... မှန်းကြည့်လိုက်ကြရအောင်...











ကမ္ဘာကျော် ဘောလုံးသမားတွေကိုလဲ အလွတ်မပေးပါဘူး... လွယ်လွယ်ကူကူ မှန်းဆနိုင်ပါတယ်ဗျာ...




သွားကိုမြင်ရုံနဲ့ ဘယ်သူလဲဆိုတာ သိတယ်နော်.... ဟီး..




၁၃ ယောက်မှာ ဘယ်နှစ်ယောက် သိပါသလဲခင်ဗျာ။ " ဒါလေးများ.... အကုန်သိ... လွယ်လွယ်လေးတွေ " လို့ ပြောရဘူးနော်.. အင်တာနက်မှာ တကူးတက ရှာထားရတာ... ဟီးဟီး...



အပေါ်ပုံက မင်းသားခန့်ချောလေးက ဘယ်သူများပါလိမ့်နော်.... ဟီးဟီး..
ဒီပုံလေးကို လွန်ခဲ့တဲ့ ၄-၅ နှစ်တုန်းက Mr. Guitar Cafe မှာ ဖြစ်သလို သွားစားတုန်းက အမှတ်တရ ရေးဆွဲခံခဲ့တာပါ။ ကယ်ရီကေးချား အဆွဲခံရတာ အရမ်းပျော်ဖို့ကောင်းပါတယ်နော်... ပန်းချီဆရာက ဘယ်လို သမ လိုက်မလဲ ဆိုတာ ရင်တမမနဲ့ပေါ့.... ဟီးဟီး...

ရွှင်လန်းချမ်းမြေ့ကြပါစေ။


ယခုပို့စ်ကို ပုံနှိပ်ရန်။

3 Comments:

ဝါ၀ါခိုင်မင်း said...

တ်ီခရုရယ်..
စကောလုံး ရယ်..
မိုက်တယ်ကြက်ဆင်ရယ်...
ဘေးပြစ်ဘက်ခမ်း ရယ်..
လော်နဲ့ထိုးရယ်..
နဲ့ နောက်ဆုံးပုံက
အကယ်ဒမီတက်သစ်စမင်းသားလေး..
မောင်မောင်နေလင်းထက် တို့ပဲ တိဘာတယ်ခင်ညာ။
Mr. Guitar Cafe မှာ ဖြစ်သလို သွားစားတုန်းက
အမှတ်တရ ရေးဆွဲခံခဲ့တာပါတဲ့.. သနားစရာကောင်း
လိုက်တာနော်။ဟတ်ဟတ်ဟတ်
ဖြစ်သလိုစားတာပြီးနေပြီ။ထပ်မစားနဲ့တော့ အခုဗရုတ်
သုတ်ခအကျဆုံးလေး ခေတ်စားနေတာနော်။
မရေးရင်ခေတ်နောက်ကျသွားမယ်။

တော်ပြီ..တော်ပြီ.ဒီနေ့အိမ်မလည်ပါဘူးလို့တွေးခါမှ
ပေါက်တတ်ကရလာရေးနေတယ်. အဟီး
ပြန်ပြီ။ :P
ခင်တဲ့
မမ၀ါ

မသက်ဇင် said...

ကိုနေလင်းရေ----
ပွင့်ပွင့်လင်းလင်း ပြောရရင်--မသက်ဇင်က
ရုပ်ရှင်အကြည့်နဲတယ်---
မသိဘူးကွယ်---
ခင်မင်လျက်

ဇင်ယော် said...

အော် မင်းသားဆိုတော့လည်း ရုပ်ပြောင်ဆွဲထား တာတောင် ချောတုန်းဗျ။ ကြော်ငြာရိုက်ချင်လို့  ရက်အားရှိသေးလားဟင်။