Saturday, November 22, 2008

မွေးနေ့ မင်္ဂလာ...



မင်္ဂလာပါ။ ဒီနေ့ ကျွန်တော့်ရဲ့ အင်္ဂလိပ်လို မွေးနေ့ပါ။ မြန်မာရက် မွေးနေ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ပါ။ လပြည့်နေ့ နံနက်ခင်းမှာ ရွှေတိဂုံ ဘုရားဖူးသွားရင်း ကုသိုလ်ကောင်းမှုပြုဖြစ်ခဲ့ပါတယ်။ မွေးနေ့အမှတ်တရ အဖြစ် ပို့စ်လေးကို တင်ဖြစ်ပါတယ်ဗျာ။



မွေးနေ့ပွဲလေးကို အလည်လာကြတဲ့ ဘလော့ဂ်မောင်နှမများအားလုံးကို မကြာသေးခင်က အလည်သွားခဲ့တဲ့ မြန်မာပြည်ခရီးစဉ်မှ အမှတ်တရ စားသောက်ဖွယ်ရာများနဲ့ ဧည့်ခံပါရစေလား...


ချောင်းသာကမ်းခြေက နာမည်ကျော် ဂဏန်းဟင်းလျာ နှင့် ပုဇွန် တုံယမ်းဟင်းချိုလေးပါ။





ကျိုက်ထီးရိုးတောင်ပေါ်က မြန်မာဟင်းလျာ ကောင်းကောင်းလေးပေါ့။



ရန်ကုန်ရောက်တိုင်း မစားမဖြစ်တဲ့ ဒံပေါက်ပေါ့... (ဒံပေါက်ကြိုက်တဲ့ မမဝါ ရေ.. အားမနာတမ်း များများသုံးဆောင်ပါနော်..)

နိုဝင်ဘာ ၂၂ ရက်၊ မွေးနေ့တူ ဘလော့ဂါ မောင်နှမတွေဖြစ်တဲ့ ညီလေး အလှတရား နဲ့ ညီမလေး Megumi တို့လဲ မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့ကြပါစေနော်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ယခုပို့စ်ကို ပုံနှိပ်ရန်။

35 Comments:

khin oo may said...

ဟိတ် အရင်ဆုံးဆွဲ သွားတယ်။ ပါဆယ်။
Happy birthday

တက်လူငယ် said...

အခုမှရောက်ဖြစ်ပေမယ့် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်ဗျာ။

'' မွေးနေ့မှသည် အသက်ထက်ဆုံးတိုင် ချစ်ဇနီးလေးနှင့် သာယာပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်ပါစေကြောင်း...။

မီးငယ် said...

မွေးနေ့မှာပျော်ရွှင်ပါစေနော်အစ်ကိုကြီး.....

NLS said...

နေလင်း


စာတော်တဲ့ သူငယ်ချင်း
မင်းငါ့ကို မမှတ်မိပေမယ့် ငါကတော့ မင်းကို မှတ်မိတာကိုးကွ။ :D
ပျော်ရွှင်ပါစေ သူငယ်ချင်း။

ဝါ၀ါခိုင်မင်း said...

မောင်လေးနေလင်းရေ....

ပျော်ရွှင်ဖွယ်ကောင်းသော အသက် ၂၄နှစ်ပြည့်မွေးနေ့
မှသည် မွေးနေ့ပေါင်းများစွာကို ချစ်သောညီမလေး
မီးမီးဝါ နဲ့ အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မောင်လေး ရေ။
ဒန်ပေါက်နှစ်ပွဲက မမ၀ါ အတွက်ဆိုလို့ အကုန်ယူသွားတော့မယ်။

ချောင်းသာကမ်းခြေက နာမည်ကျော် ဂဏန်းဟင်းလျာ နှင့် ပုဇွန် တုံယမ်းဟင်းချိုလေးပါ ဆွဲသွားတယ်.ဟဲဟဲ

ခင်မင်စွာနဲ့
မမ၀ါ

flowerworld said...

မောင်လေးရေ..happy birthday ပါနော် ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့လေးဖြစ်ပါစေ....
လိုအင်ဆန္ဒများပြည့်ဝပါစေနော်

အလှတရား said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေဗျာ။

JulyDream said...

Happy birthday ပါခင်ဗျာ။

ကျွန်တော်လည်း ဒံပေါက် ကြိုက်တယ်ဗျ။ မ၀ါက အကုန်ယူသွားတော့ ကျွန်တော့်အတွက် မကျန်တော့ဘူးပေါ့။ သွားပါပြီ။ အနံ့လေးတောင် မရှုလိုက်ရဘူးဗျာ။

အိမ် said...

ဝါးတီးရှိတယ်ဆိုလို့ အပြေးအလွှားကိုချီတက်လာတယ်ဗျို့
အားလုံးဘာမှပြောစရာ မရှိအောင်ကောင်းပါတယ်
ယမကာလေးမါတာတခုပဲ ဟိဟိ
မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာပျော်ရွှင်နိုင်ပါစေဗျာ

အညတြ (ခေတ္တ နယူးယောက်ခ်) said...

မွေး နေ့ မင်္ဂလာ ပါ။ ယခု အင်္ဂလိပ် လို မွေး နေ့ မှ သည် ရာ ကျော် တည် စေ သော်။

သံလွင် HeRo said...

ဗျိုးကိုကြီးဘိတ်သား...မွေးနေ့ဖိတ်ကြားလွှာကိုမြင်မြင်
ချင်းဝါလာပါတယ်ဗျ...
ကျနော်ဘလော့မလည်တာကြာပီမို့အခုမှရောက်ဖြစ်တာ
ခွင့်လွှတ်ပါ...ဒီနှစ်မွေးနေ့ကစပြီး
ချစ်သောသူနဲ့သက်ထက်ဆုံးပျော်ပျော်ရွှင်ရွှင်ငြိမ်းငြိမ်း
ချမ်းချမ်းနေနိုင်ပါစေလို့ဆုတောင်း
ပေးလိုက်ပါတယ်ဗျ...
ဝါးတီးဆွဲလိုက်အုံးမယ်...
တားတားကြိုက်ကြိုက်ဂဏန်းပါလား...ဒံပေါက်နဲ့အပီလွေးသွားတယ်ဗျ...ဘိတ်ကအရှေ့ရွာကို
တောင်လွမ်းသလိုလိုပဲ ဟဲဟဲ

ရွှေပြည်သူ said...

Happy Birthday ပါ မောင်လေး ကိုနေလင်းရေ... ကိုနေလင်း ကိုနေလင်းနဲ့ ခေါ်နေမိတာ မွေးနေ့ရောက်မှပဲ ကိုယ့်ထက် အသက် ၃/၄နှစ်လောက်ငယ်မှန်း သိရတော့တယ်။း) ဒီမွေးနေ့ကနေ နောင်နှစ်ပေါင်များစွာမှာ မွေးနေ့ပေါင်းများစွာကို ညီမလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် မောင်လေးး)

နေလင်း@國強 said...

မမဝါရေ...

၂၄ မဟုတ်ဘူးနော်... ၂၈ တောင်ရောက်နေပြီ.. ဟီးဟီး... :P

ခင်မင်စွာဖြင့်...

မောင်လေးနေလင်း

LittLe bIrD said...

HAPPY BIRTHDAY ပါနော်...
ယနေ့ မှ စ နှစ် ၁၀၀ ကျော်တိုင် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစ ဆုတောင်းပေးလိုက်ပါတယ်.။ မိဘကို ကျေးဇူးဆပ်နိုင်တဲ့သား ကောင်းရတာနာ တယောက် လည်း ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဇင်ယော် said...

တူတော်မောင်ကြီး မောင်နေလင်းရေ
HAPPY BIRTHDAY ပါဗျာ။ ယနေ မွေးနေ့ မှာလိုပဲ နောင်နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စရာ မွေးနေ့  လေးများစွာကို ပိုင်ဆိုင်နိုင်ပါစေဗျာ။ ချစ်တဲ့သူနဲ့  ကြင်ကြင်နာနာ မခွဲတမ်းလက်တွဲလို့  ဘ၀ခရီးကို ရဲရဲကြီး လျှောက်လှမ်းနိုင်ပါစေဗျာ။ အင်းဝါးတီးတွေက အကြိုက်တွေချည်းပဲမို့  အကုန်စားသွားပါတယ်။ စားလို့ မရတဲ့ ဒံပေါက်ကတော့ အစ်မ၀ါ အကုန်မသွားပြီမို့  ရှိစေတော့။ ( ဒါနဲ့  သောက်စရာ ဖျော်ရည်လည်း မတွေ.ပါလားဟင် )
အန်ကယ်ကြီး ဦးဇင်ယော်

တောင်ပေါ်သား said...

အကိုရေ မွေးနေ့လေး ရောက်လာပါတယ် အလာနောက်ကျတဲ့အတွက် ကျန်တာ အကုန်စားသွားတယ်နော့် အကိုရဲ့ မွေးနေ့လေးမှသည် နောက်နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေလို့

ဒီဇင်ဘာနှင်း said...

်၂၈ နှစ်မွေးနေ့မှသည် နှစ်ပေါင်း ၁၂၀ တိုင်ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ။

ကိုရင်နော်ခင်လေးငယ် said...

မွေးနေ့လာတာ နောက်တောင်ကျနေပြီ.. စားစရာတွေကုန်ရောပေါ့.. ဘာပဲဖြစ်ဖြစ် ရောက်အောင်တော့ လာတယ်နော်..
ကျန်တာလေးလည်း စားဦးမှာ.. :P
လက်ဆောင်လေးလည်း ပေးဦးမယ်.. :)

“ဆုတောင်းပေးသူအားလုံးရဲ့ တောင်းဆုတွေ အပြည့်အဝရရှိပါစေ..”
“ရောက်တဲ့နေရာတိုင်းမှာ စိတ်ကောင်း နှလုံးကောင်း ရှိသူတိုင်းနဲ့သာ ဆုံတွေ့နိုင်ပါစေ..”
“စိတ်သွားတိုင်းကိုယ်ပါ.. ဖြစ်ချင်တာမှန်သမျှ ဖြစ်ခွင့်ရနိုင်ပါစေ..”

ခင်မင်တဲ့
ကိုရင်နော်၊ ခင်လေးငယ်၊ ကလေးလေး

ThuHninSee said...

ကြုံတာနဲ့ ၀င်ဆုတောင်းပေးသွားတယ်။
ကောင်းသော လိုအင်ဆန္ဒတိုင်း ပြည့်ဝပါစေ။

ခေါင်ခေါင် said...

ပျော်ရွှင်စရာ မွေးနေ့လေးပါ ကိုနေလင်းရေ...

nasty-girl said...

HAPPY BIRTHDAY ပါကိုနေလင်း..
္ပဤမွေးနေ့မှသည် ကိုယ့်ချစ်တဲ့မိသားစုနဲ့ မခွဲမခွာနဲ့ ထာဝရ ပျော်ရွှင်ပြီး လိုအင်ဆန္ဒအားလုံးနဲ့ ပြည့်စုံပါစေလို့နော်..ဆုတောင်းပေးပါတယ်..

Dream said...

nasty-girl ဆို မက်မက်ပါဦဦးနေလင်းရေ..
သူငယ်ချင်းက မေးလ်အကောင့်ကို SING OUT မလုပ်သွားတော့
သူ့နာမည်နဲ့ ၀င်လိုက်သလိုဖြစ်သွားတယ်..
ဟီးဟီး..အဲဒါ ပြန်လာပြောတာ nasty-girl ဆိုတာ
မက်မက်ပါလို့.. ဟားဟား.. နောက်တစ်ခါ ထပ်လာ
၇တဲ့အတွက် ဗိုက်ပြန်ဆာသွားလို့
နောက်တခါပြန်စားသွားတယ်... :p

Republic said...

HAPPY BIRTHDAY ပါ ကိုနေလင်းရေ ၊၊
ခုမှအပြင်ကပြန်ရောက်တာဗျာ ၊၊ ဗိုက်စာစာနဲ့တစ်ဝကြီး ဆွဲသွားတယ်ဗျာ၊။ ခင်မင်လျက်ပါ ၊၊

alwanpyay.blogsport.com said...

Happy birthday!!! :)

thihanyein said...

အကိုနေလင်းရေ ...ဒီနေ့တော့စားရတာ ဗိုက်ကားသွားပြီ..
ဟင်းတွေက ဖွယ်ဖွယ်ရာရာတွေပဲ ..မွေးနေ့တိုက်တာတွေ
များသွားတယ် ဟဲဟဲ...အကိုတို့လင်မယားအိုအောင်မင်းအောင်ပေါင်းကြရပါစေဗျာ
သိဘူး ပေးစားလိုက်ပြီ ဟုတ်မဟုတ်တော့ သိဘူး
အဟီးးးးးးးးးးး

Dr. Nyan said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေညီလေးရေ။

မသက်ဇင် said...

မွေးနေ့မှစပြီး နှစ်ပေါင်းတစ်ရာတိုင် မောင်နေလင်းတို့---
ကြ င်သူနှစ်ဦး ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့---
ဘ၀ခ ရီးကို လျှောက်လှမ်းနိုင်ကြ ပါစေရှင်---

ဝါ၀ါခိုင်မင်း said...

ဟဟား..မောင်လေးနေလင်း ရေ..
အသက်မှာသွားလို့ပြန်လာဆုတောင်းပေးတယ်နော်.

ပျော်ရွှင်ဖွယ်ကောင်းသော အသက် ၂၈ နှစ်ပြည့်မွေးနေ့
မှသည် မွေးနေ့ပေါင်းများစွာကို ချစ်သောညီမလေး
မီးမီးဝါ နဲ့ အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မောင်လေး ရေ။

မမ၀ါ

GreenGirl said...

HAPPY BIRTHDAY KO NAY LIN!

Taungoo said...

happy birthday ပါ ကိုကြီး
မြန်မာပြန်တာ တော်တော်ပျော်ခဲ့တယ်ပေါ့။ ကျိုက်ထီးရိုးရော၊ ချောင်းသာရော ရောက်တယ်။ ကောင်းလိုက်တာဗျာ။

kiim said...

မင်္ဂလာပါကိုနေလင်းရေ
မွေးနေ့ မှာပျော်ရွှင်ပါစေနော်...
အသက်ဘယ်နှစ်နှစ်ပြည့်လဲ..အဟမ်း :P :P
အ၀စားသွားတယ်နော်....
ဂဏန်းဟင်းလေးဂွတ်ရှယ်ပဲ...ကြိုက်တယ်.. :)

megumi said...

ဟိ ဟိ၊ မွေးနေ့ တူတဲ့ ကိုနေလင်းကြီး၊ အခုမှပဲ လာဆုတောင်းရတော့တယ်။ :P မမနဲ့အတူ ပျော်ရွှင်သာယာသော ဘဝကို လျှောက်လှမ်းနိုင်ပါစေနော်။

စကားမစပ်၊ မွေးနေ့တူတာ ပျော်စရာကြီးနော်။ :P
ကျမသိတဲ့ မွေးနေ့တူတဲ့ Bloggerတွေက ကိုနေလင်းရယ်၊ ကိုအလှတရားရယ်၊ ကိုစိုင်းနောင့်ရယ် သိလား။ အပြင်မှာလည်း ရှိသေးတယ်။ ဟိ ဟိ။ :D :D

နေလင်း@國強 said...

C Box က မွေးနေ့ဆုတောင်းလေးတွေကို စုစည်းလိုက်ပါတယ်ဗျာ...
ဆုမွန်ကောင်းတောင်းပေးခဲ့ကြတဲ့ ဘလော့ဂါမောင်နှမများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း...

25 Nov 08, 15:22
အောင်ကျော်: ယနေ့မှသည်နောင်မွေးနေ့တိုင်းပျော်ရွှင်ပါစေသား...

25 Nov 08, 15:19
အောင်ကျော်: လာစားသွားတယ်ဗျို့.....ဟင်းတွေကြည့်ပြီးသတိရတယ်ဗျာ...

24 Nov 08, 22:36
GreenGirl: အားလုံးစားလို့ကောင်းပါသည် :)

24 Nov 08, 19:16
မောင်ရှင်းသန့်: ကိုနေလင်းရေ ကျနော်မွေးနေ့ပွဲ ကိုမဖိတ်ပဲ လာပါတယ်ခင်ဗျာ ကျနော့်ရဲ့ ဘလော့လေးကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ

24 Nov 08, 10:26
megumi: :P :P

24 Nov 08, 10:26
megumi: ကျမသိတဲ့ မွေးနေ့တူတဲ့ သူတွေက ကိုနေလင်းရယ်၊ ကိုအလှတရားရယ်၊ ကိုစိုင်းနောင့်ရယ် သိလား။ အပြင်မှာလည်း ရှိသေးတယ်။ ဟိ ဟိ။

24 Nov 08, 10:26
megumi: ဟိ ဟိ၊ မွေးနေ့ တူတဲ့ ကိုနေလင်းကြီး၊ အခုမှပဲ လာဆုတောင်းရတော့တယ်။ မမနဲ့အတူ ပျော်ရွှင်သာယာသော ဘဝကို လျှောက်လှမ်းနိုင်ပါစေနော်။ စကားမစပ်၊ မွေးနေ့တူတာ ပျော်စရာကြီးနော်။ ကျမသိတဲ့ မွေးနေ့တူတဲ့ သူတွေက

24 Nov 08, 10:25
megumi: nae nae nout kya twar tal

23 Nov 08, 20:26
kmaungnyein: twet tar a kone lone tee twar tal byar, ha` ha` , a kyite twe gi bal byar ,

23 Nov 08, 20:25
kmaungnyein: ko nay linn , happy birthday par byar, taw taw nout kya twar tal byar :)

23 Nov 08, 18:30
ဟန်လင်းထွန်း: တောက် ! နာတယ်ကွာ စားချင်စရာကြီး စိတ်နာတယ်။

23 Nov 08, 04:34
4everlove: ပျော်ရွင်ဖွယ် နေ့သစ်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ။ ။ Happy BD ပါ။ ။

22 Nov 08, 23:17
အောင်ဦး: မင်္ဂလာရှိသော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ..

22 Nov 08, 22:36
မက်မက်: HAPPY BIRTHDAY ပါ အန်ကယ်လ်နေလင်း.. :P :P :P

22 Nov 08, 22:13
နွေသူရ: ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ...သူငယ်ချင်းတွေကပြောလို့လိုက်လာတာပါ..ဒီနေ့မွေးနေ့ ၃ ခုစားလိုက်ရပါတယ်..

22 Nov 08, 21:32
ခေါင်ခေါင်: ဟက်ပီး ဘက်ဒေး ပါကိုနေလင်း... မြန်မာ ထမင်း ဟင်းတွေ စားသွားတယ် နော်.. ကျေးဇူးပဲ.. .. ပျှော်ရွှင်ပါစေ

22 Nov 08, 20:38
မသက်ဇင်: မင်္ဂလာပါမောင်နေလင်းရေ---လာလည်ပါတယ်ရှင်--မွေးနေ့အတွက် ဆုတောင်းပေးပါတယ်ရှင်---

22 Nov 08, 20:29
အိမ်မက်: အစားတွေတ၀ စားသွားပါတယ်...

22 Nov 08, 19:49
ကိုရင်နော်ခင်လေးငယ်ကလေးလေ: မွေးနေ့လာတာ နောက်တောင်ကျနေပြီ.. စားစရာတွေကုန်ရောပေါ့.. ဘာပဲဖြစ်ဖြစ် ရောက်အောင်တော့ လာတယ်နော်.. ကျန်တာလေးလည်း စားဦးမှာ..

22 Nov 08, 19:07
ဇင်ယော်: HAPPY BIRTHDAY ပါ ကိုနေလင်းရေ။ နာ့ကို အလစ်မှာ အန်ကယ်ကြီးလို့ ခေါ်သွားတာတော့ မှတ်ထားလိုက်ဦးမယ်ကွ။

22 Nov 08, 18:07
ရွှေပြည်သူ: အယ်ဒါဆို မှန်နေသားပဲ ကိုနေလင်းရေ။ အစ်မ၀ါဝါ ၂၄ လို့ ရေးထားတာ တွေ့လိုက်လို့ပါး)) ကျွန်မက လာမယ့် Jan မှ ၂၈ ပြည့်မှပါ။ ကိုနေလင်းက ကျွန်မ လပိုင်းကြီးတာပေါ့။

22 Nov 08, 18:03
သံလွင်ဟီးရိုး: မွေးနေ့မဂ်လာမှာ ကျနော်ခံတွင်းပျက်နေလို့ chilli crab ကိုတုန်ရမ်းနဲစားသွားတယ်ဗျ...ရှူးရှဲ ရှူးရှဲ. ရှူးရှဲ

22 Nov 08, 17:19
အိမ်: မွေးနေ့ပွဲကို လာအားပေးသွားတယ်ဗျို့

22 Nov 08, 16:35
ကိုရင်ညိန်း: ကနေလင်း တစ်ယောက် ပိုက်ဆံရှိသလောက် ချမ်းသာစေ ။ မသေမချင်းအသက်ရှည်စေ ။ မကွဲသ၍ ချစ်သူနှင့်ပေါင်းရစေသော် (၀်) ဆုတော်ချွေသည် ပုံ/ကိုရင်ညိန်း အဟေးဟေး :P :P :P

22 Nov 08, 16:33
ကိုရင်ညိန်း: အိုး...မိုင်...ဗုဒ္ဓ ..ဒုက္ခတော့ရောက်ချေပြီ ကနေလင်း ။ ကျွန်ုပ်ရောက်ရှိချိန်၌ ဒံပေါက်အားလုံးကို ၀ါဝါခိုင်မင်းမည်သော အမျိုးသမီးက အကုတ်တီးလိုက်ဟန်တူ၏ ကြက်အရိုးပင် မကျန်တော့ချေ ... အကြွေးမှတ်သွားချေပြီ

22 Nov 08, 16:32
သုခရိပ်: အသက်ရာကျော်တိုင်အောင် ချစ်သောသူနှင့်ပေါင်းသင်းနိုင်ပါစေအကို။

22 Nov 08, 16:31
သုခရိပ်: မွေးနေ့မှာ ပျော်ရွှင်ပါစေအကို။ အစားအသောက်တွေကို မြင်ရတော့ အမေ့လက်ရာကို လွမ်းမိတယ်။

22 Nov 08, 14:49
ဝါ၀ါခိုင်မင်း: နုတယ်ပြောလို့ နောက်ထပ် ဒံပေါက် ထပ်ယူသွားစရာလဲ ရှိတော့ဘူး..အကုန် ကုန်နေပြီ။ :D

22 Nov 08, 14:48
ဝါ၀ါခိုင်မင်း: ဟဟဟားးး တိဘူးလေ..ပိုငယ်သွားတာပေါ့နော်. အဟီး . မောင်လေးကို အစ်မက ၂၄ လို့ထင်တာလေ.. နုတာပေါ့..ဟတ်ဟတ်..

22 Nov 08, 10:24
မီးလေးဇာ: happy birthday ပါရှင် မဖိတ်လည်လမ်းကြုံဝင်စားသွားပြီဗျ

22 Nov 08, 08:33
DecemberCinderella: today is 1 of my bluv frnz's BD as well. So, today born r good-hearted person. Happy Birthday for all !!!!

22 Nov 08, 06:37
အလှတရာ:: ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေခင်ဗျာ ကျနော်နဲ့လည်း မွေးနေ့တူပါတယ် ဟက်ဟက်

22 Nov 08, 06:29
ဝါ၀ါခိုင်မင်း: http://media.bigoo.ws/content/73/269673/Animated.gif

22 Nov 08, 06:28
ဝါ၀ါခိုင်မင်း: မွေးနေ့မှာပျော်ရွှင်မှူအပေါင်းနဲ့ ပြီးပြည့်စုံနိုင်ပါစေ မောင်လေး နေလင်းရေ. ဒံပေါက် နှစ်ပွဲစလုံးမသွားပြီနော်..မမ၀ါ အတွက်ဆိုလို့..ဟဟ..ကျေးဇူး..နောက်လူတွေအတွက်ကျန်တော့ဘူးးး :D

22 Nov 08, 06:25
ဝါ၀ါခိုင်မင်း: Its birthday present for u. http://media.bigoo.ws/content/20/269720/Animated-thumb.gif

22 Nov 08, 04:51
ညခင်းနှင့်လမင်း: ဆုမွန်ကောင်းပါးလိုက်ပါတယ်

22 Nov 08, 04:51
ညခင်းနှင့်လမင်း: မွေးနေ့ မဖိတ်ပေမယ့်ကြုံတာနဲ့ ဝင်စားသွားပါတယ် ..မွေးနေ့ မှနောင် နှစ်ပေါင်းများစွာ ဘ၀ကိုပျော်ရွှင်အေးချမ်းစွာဖြင့်အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေ

22 Nov 08, 03:40
တက်လူငယ်: မွေးနေ့ပွဲကိုရောက်တယ်ဗျာ။ ဆုပေးခဲ့တယ်နော်.။ အဆင်ပြေပါစေ။

စိုင်းခမ်းထွန်း said...

မရောက်တာကြာပြီ ...... မိဘကျေးဇူးဆပ်နိုင်ပါစေဗျာ ... ပျော်စရာမွေးနေ့ဖြစ်ပါစေ ....

mabaydar said...

အဟင့်.. ဟင့်.. ဗိုက်ချာတယ်.. ကြည့်ရင်းစားချင်လာပြီ.. ဂဏန်းဟင်းလဲ ချားချင်တယ်.. ချောင်းသာလဲသွားချင်တယ်.. ကျိုက်ထီးရိုးကိုလဲ လွမ်းတယ်.. ဗြဲ.. နာလိုဝူး........
လာတာနောက်ကျပေမဲ့.. ဆုတောင်းပေးမယ်နော်..
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ မတောင့်မတ မကြောင့်မကျနေရပါစေရှင်..