မင်္ဂလာပါ။ အင်္ဂလိပ်နှစ်ကူး ပြီးတော့... ဘာလိုလိုနဲ့.. တရုတ်လူမျိုးတို့ရဲ့ နှစ်ကူး လာပါတော့မယ်။ တရုတ်နှစ်ဆန်း တစ်ရက်နေ့ဟာ ဒီလရဲ့ ၂၆ ရက်နေ့မှာ ကျရောက်ပါတယ်။ မြန်မာပြည်မှာ သင်္ကြန် နှစ်ကူး ရုံးပိတ်သလို ဒီမှာလဲ ရက်ရှည် ရုံး၊ ကျောင်း စသည်.. ပိတ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တရုတ်လူမျိုးတို့ရဲ့ ရိုးရာပွဲတော်မို့ နိုင်ငံအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ရန်ကုန်မှာဆိုရင်တော့ တရုတ်ဘုရားကျောင်းတွေ သွားပြီး အဝတီးဖြစ်ပါတယ်။ သက်သတ်လွတ် ဟင်းလျာတွေ တည်ခင်းဧည့်ခံတဲ့ ဘုရားကျောင်းတွေမှာပါ။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးရင်းပေါ့.. ဟဲ ဟဲ... 
တရုတ် Zodiac မှာ အကောင်လေး ၁၂ ကောင်ရှိပါတယ်။ ယခုလောလောဆယ် ကြွက်နှစ်ပဲ ရှိနေပါသေးတယ်။ နှစ်သစ်ရောက်ရင်ဖြင့် နွားနှစ်ကိုရောက်ပါပြီနော်...

၁။ ကြွက်
၂။ နွား
၃။ ကျား
၎။ ယုန်
၅။ နဂါး
၆။ မြွေ
၇။ မြင်း
၈။ ဆိတ်
၉။ မျောက်
၁၀။ ကြက်
၁၁။ ခွေး
၁၂။ ဝက်
Five Element ဖြစ်တဲ့ Wood, Fire, Earth, Metal နဲ့ Water တို့ကို အကောင်လေးတွေနဲ့ တွဲပေးထားပါသေးတယ်။ ဒီလာမဲ့ တရုတ်နှစ်သစ်က ရိုးရိုးနွားမဟုတ်ပါဘူးတဲ့... Earth Ox လို့ ခေါ်တဲ့ မြေနွားဖြစ်ပါတယ်တဲ့ ... ၂၀၁၀ က သတ္တု ကျား၊ ၂၀၁၁ က သတ္တု ယုန် နဲ့ ၂၀၁၂ မှာတော့ ရေ နဂါး တို့ အသီးသီး ဖြစ်ကြပါသတဲ့။
(NOTE: Boar/Pig, Ram/Sheep)

အကောင်လေးတွေဟာ တရုတ်နှစ်ကူးရောက်တိုင်း ရောက်တိုင်း အစဉ်လိုက် တစ်ကောင်စီ ပြောင်းပြောင်းသွားပါတယ်။ တရုတ်လူမျိုးတို့ အနှစ်သက်ဆုံးကတော့ နဂါးနှစ်ပါ။ နဂါးနှစ်ဖွားတွေ ဆိုရင် အရမ်း မျက်နှာကြီးပါတယ်။

အောက်ကဇယားကွက်လေးမှာ မိမိရဲ့ မွေးနေ့လေးကိုကြည့်ပြီး အဲဒီနှစ် ဖွားမြင်တဲ့ သူတွေရဲ့ အကျင့် စရိုက်လေးတွေကို ဖတ်မှတ်သွားနိုင်ပါတယ်။ မွေးနေ့နဲ့ အကောင်လေးကို အသေအချာတွဲ ကြည့်စေချင်ပါတယ်။ အများအားဖြင့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလဆန်းဖွားတွေဟာ နှစ်မကူးသေးတာကြောင့် အဲဒီနှစ် ကျန်တဲ့လတွေမှာ ဖွားမြင်တဲ့သူတွေနဲ့ အကောင်လေးတွေ ကွဲပြားနေမှာပါ။ နှစ်ကူးရက်က တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလဆန်း/လယ် ဖြစ်တတ်ပါတယ်။


ဒီအောက်မှာတော့ ၂၀၀၉ ခုနှစ်အတွက် ဟောစာတမ်း လေးပါ။ မိမိနဲ့ သက်ဆိုင်တဲ့ နေရာလေးမှာ သွားဖတ်နိုင်ပါတယ်နော်...
2009 Year of The Ox Horoscope Predictions For Each Sign
Rat
Great year for you. Financial opportunities will come and your love life will grow. Make new friends this year.
Ox
Be conservative this year. Expect to change your lifestyle to adapt and survive. Stay cautious financially and you will be fine.
Tiger
Success will come to you only if you work hard. Beware of lawsuits and be careful in romance. Concentrate on your finances this year.
Rabbit
An average year for you in both money and love. Unexpected wealth will come this year but you should not spend too much of it. Avoid risky investments.
Dragon
Lucky year for you. Expect a change in lifestyle for the better. New friends will come but be careful not to lose focus because people may get jealous.
Snake
Favorable year for you specially in matters of wisdom. Expect great learning experiences with the possibility of travel. Be brave to take chances this year in both love and money.
Horse
Plan your actions and decisions carefully this year. Keep a low profile and avoid taking risks. You health, wealth and relationships will be tested so be strong.
Ram/Sheep
2009 will be a roller coaster ride for you. You will be lucky but you have to be careful because something unlucky could happen in return. Great wealth awaits but take care of your health.
Monkey
A lot of opportunities for wealth this year. The key to your happiness lies in your interpersonal skills so be social. Don't waste your time planning too long. You luck will not wait.
Rooster
Favorable year for you in wealth and romance. Great year to get married. There is also a probability to travel. Ask for help when times are hard and they will come.
Dog
Lots of ups and downs for you this year specially in love and health. In general, your finances will be above average but it needs planning and moderate risk taking.
Pig/Boar
A social year for you. Expect to meet new friends and catch up on old ones. Enjoy the company and don't focus much on wealth building this year but concentrate on your relationships.
G-O-O-O-O-D LUCK !!! MY BUDDIES !
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
(Ref: wiki,pinoylottowinner)
ယခုပို့စ်ကို ပုံနှိပ်ရန်။






11 Comments:
အန်ပေါင်းပေး :D
Boarပါ...
ဖတ်သွားပြီနော် အကိုနေလင်းရေ... :)
အလဲ့။ ဗေဒင်အလိုအရ ဘာပြောကောင်းမလဲ။ ကျွန်တော်မျိုး ကြွက်ဖြစ်နေခြင်းသကာလ လာမယ့်နှစ်မှာ အခြေအနေကောင်းနေပြီ။ ဘဏ္ဍာရေး အခွင့်အလမ်းတွေကလည်း ကောင်း။ မိတ်ဆွေသင်္ဂဟတွေကလည်း တိုးပွါး။ မှန်စေဗျား။ မှန်စေဗျား။ မှန်စေဗျား။
ဗေဒင် လာတွက်သွားတယ် အစ်ကိုရေ... ဗေဒင် အရတော့ .. ရှယ်ပဲ.. ကျေးဇူးအစ်ကို...
ဟောစာတမ်း လာဖတ်သွားပါတယ် ခင်ဗျာ။
ကိုနေလင်းရေ ကျနော်က ၁၉၇၉.၆.၆ဗျ
ဘယ်လိုယူရမှာလဲဗျနားမလည်ဘူး လည်နေ
တယ်။ပြောပါဦးဗျ။
အန်ပေါင်းလဲပေးနော် အန်ထားတဲ့ဟာ ပြန်ပေါင်းထားတာမဟုတ်ဘူးနော် ဟီးဟီး
စမ်းနေတာ ကိုနေရေ ... ခု template လေးတော့အကြိုက်ဆုံးပဲ .... ကျွန်တော်က မြင်းနှစ်ဗျ ... ဖတ်သွားတယ်ဗေဒင် ...
ဟောစာတမ်းတော့ဖတ်သွားပြီနော် your love life will grow ဆိုလို့နဲနဲလေးတောင် စိတ်လှုပ်ရှားသွားတယ် ကျေးဇူးနော် ကိုနေလင်းရေ
ဟောစာတမ်းလေး လာဖတ်သွားတယ်ဗျို.။ စီးပွားရေး၊လူမှုရေးနဲ့ ကျန်းမာရေးတွေ ဒီနှစ်ထဲမှာ ကောင်းကောင်း အစမ်းခံရမယ်ဆိုပါ့လား။ ရင်ခုန်လာပြီ ဟီးဟီး။ ဒါနဲ့  နှစ်ကူးတော့မယ် ဘာကျွေးမှာလဲ အန်ပေါင်းလဲပေးဖို့  မမေ့နဲ့ ဦးနော်။
ကိုနေလင်းရေ----
နေမကောင်းဖြစ်နေလို့--အခုမှ လာနိုင်တယ်--
ဟောစာတမ်းလာဖတ်သွားပါတယ်--
နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေ---
မီးကျား ကွ....ဟီး
Post a Comment