Body Piercing Art တွေ ခေတ်စားနေတာ ကြာပါပြီ။ မြန်မာလို ဘယ်လို ဘာသာပြန်လဲမသိ.. ဒါပေမဲ့.. ခန္ဓာ ဖောက်ထွင်း/ထိုးဖောက် အလှဆင်ခြင်း လို့ ကိုယ့်ဘာသာကိုယ်ပြန်လိုက်တယ်။ ဟဲ ဟဲ.. ဝီကီမှာတော့ အင်္ဂလိပ်လို.. Body piercing is the practice of puncturing or cutting a part of the human body, creating an opening in which jewelry may be worn. ရေးထားပါတယ်။ မြန်မာပြည်မှာလည်း မြို့ထဲဘက် သွားရင် ဆယ်ကျော်သက်လေးတွေမှာ အခုနောက်ပိုင်း တော်တော်လေးကို တွေ့မြင်လာရပါပြီ။ ခေတ်မှီ လာတာလား.. ကမ္ဘာနဲ့ရင်ဘောင်တန်းလာတာလား.. တစ်ခုခုပါပဲ။ သူတို့အစား ကိုယ့်ရင်ထဲမှာ ကလိကလိ ဖြစ်လိုက်ရတာ။
ဒီပို့စ်လေးမှာတော့ အတွေ့ရများတဲ့ Body Piercing Art ဓာတ်ပုံလေးတွေကို တင်ဆက်လိုက်ပါတယ်။







ဒီအပေါ်ကပုံလေးကတော့ နားအလှဆင်ခြင်းပါပဲ။ အားလုံး ပေါင်းပြီး တစ်ပုံထဲမှာပဲ ကြည့်လိုက်တော့နော်...
အမှတ်စဉ် တစ်ကနေကိုးအထိ သူ့နေရာနဲ့သူ အခေါ်အဝေါ်လေးတွေ ရှိပါတယ်။ ဥပမာ... နံပါတ် (၉) ဖြစ်တဲ့ Lobe Piercing ဆိုတာ အတွေ့ရအများဆုံးပေါ့။
1) Helix/Cartilage, 2) Industrial, 3) Rook, 4) Daith, 5) Tragus, 6) Snug, 7) Conch, 8) Anti-Tragus, 9) Lobe
ဒါကတော့ လျှာမှာ အလှဆင်တာပါ။ အစားအသောက်စားရင်တော့ ဘယ်လိုနေလဲမသိ။ Liquid ဆိုရင်တော့ ကိစ္စ မရှိပါဘူး။



ဒါကတော့ အပေါ်နဲ့အောက် သွားဖုံးတွေရဲ့ အလယ်မှာပေါ့။ Medical Term ကတော့ Superior and Inferior Labial Frenulum လို့ခေါ်ပါတယ်။ သွားတိုက်ရင် သူတို့ကို လဲ တစ်လက်စတည်း တိုက်လို့ရတာပေါ့။ ဟန်ကျလိုက်တာ အလွန်ပါပဲ.. ဟဲ .


အလှဆင် ပြီးပြီးချင်းတော့ နာကျင်ပြီး အနည်းငယ်ရောင်ရမ်းနိုင်ပါတယ်။ ၃ ပါတ်လောက်အထိပေါ့။ လုံးဝ အနာကျက် ကင်းစင်ဖို့ ဆိုရင်တော့ သီတင်းပါတ် အတော်ကြာကြာစောင့်စားရမှာပါ။ အနာ မရင်းအောင်၊ ပိုးမဝင်အောင် တော်တော်လေးကို ဂရုစိုက်ရပါတယ်။
Body Piercing Art လုပ်တဲ့ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလဲ အများကြီးရှိပါသေးတယ်။ ဟဲ ဟဲ.. ဒီပို့စ်မှာတော့ ဒီလောက်နဲ့ ပဲ ရပ်နားလိုက်ပါတော့မယ်။


ဝန်ခံချက်။ ။wiki နဲ့ related website တွေမှ အချက်အလက် နဲ့ ဓာတ်ပုံတွေကို ယူထားပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ယခုပို့စ်ကို ပုံနှိပ်ရန်။






3 Comments:
အဟေးဟေး
ကနေလင်း ဖောက်ပြီး လုပ်ထားတာလေးတင်ပါလားဗျ ... :P
ကြည့်လို့ကောင်းပေမယ့် အူယားစရာပဲ။
infection မ၀င်ဘူးလားမသိ။
ရှယ်ပေးလို့ ကျေးဇူး။
အသည်းယားလိုက်တာနော် ကြောက်စရာကြီး ထိုင်းမှာလည်း ချက်မှာ ဖောက်တယ် ကောင်မလေးတွေ နောက် နားတွေေ၇ာပဲ..အူယားလိုက်တာ
Post a Comment