အဲဒီနေ့က ရာသီဥတု အရမ်း သာယာပါတယ်။ နေရာက ယိုးဒယားနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ကြီးမှာပါ။ ဒန်တန်တန်...
အင်မီဂရေးရှင်း ဖြတ်အပြီး လေယာဉ်စီးရမဲ့ ဂိတ်နေရာကို သွားနေတဲ့ အချိန်မှာပေါ့။ လေဆိပ်ကြီးကလဲ အကြီးကြီး၊ ပြီးတော့ ဘရင်းပစ္စည်းတွေ သီးသန့် ရောင်းတဲ့ ဆိုင်လေးတွေကလည်း ခမ်းနားတော့ မဝယ်ပေမဲ့လဲ ဟိုငေးဒီငေး ဝင်းဒိုး ရှော့ပင်းပေါ့။
နောက်ဆုံး မှာတော့ လေယာဉ်ပေါ်မတက်ခင် လက်ဆွဲအိတ်တွေ final စစ်ဆေးတဲ့ ချက်ခ်ပွိုင့် နေရာလေးကို ရောက်ခဲ့ပြန်သည် တမုံ့။ ထုံးစံအတိုင်း လက်ဆွဲအိတ်ကို ဒလိမ့်တုံးပေါ် စနစ်တကျ တင်ပေးလိုက်ပါတယ်။ Machine ထဲကို ဖြတ်အပြီးမှာတော့ ဝန်ထမ်းက အိတ်ကို ချက်ချင်းပြန်မပေးသေးပဲ...
"You have ဆည်းဆာ.. ဆည်းဆာ" ဆိုပြီးတော့ အိတ်ကို လက်ညှိုးထိုးပါတော့တယ်... ဟဲ ဟဲ.. ဇာတ်လမ်းက ဒီမှာ စပါတယ်။ သူဘာကို ပြောနေမှန်း ကိုယ်ကမသိတော့ သူ့ကို ပြန်မေးမိပါတယ်။ အဲဒီ ဝန်ထမ်းကလဲ ကိုယ့်ကို ငတုံး၊ တောသား ဒါလေးတောင်မှ မသိရကောင်းလား ဆိုတဲ့ မျက်နှာထားနဲ့ .. ဆည်းဆာ ဆည်းဆာ ဒီနှစ်လုံးပဲ တတွတ်တွတ် ပြောနေပါတော့တယ်။ ဆည်းဆာဆိုလို့ နေဝင်ဆည်းဆာ ပဲ ကိုယ်ကသိတာဆိုတော့.. အင်း.. ဒုက္ခ .. အကြီးအကျယ်ရောက်ပါတော့တယ်..
နောက်ဆုံးတော့ သူက စိတ်မရှည်တော့ပဲ အင်တာနေရှင်နယ် လင်းဂွေ့ဂ်ျ ဖြစ်တဲ့ လက်ဟန်ခြေဟန်နဲ့.. လက်ညှိုးနဲ့ လက်ခလယ်ကို ??? လုပ်ပြတော့မှပဲ ကျွန်တော်မျိုး ငတုံးခမျာ နားလည်သွားရှာပါတော့တယ်။ ရယ်လိုက်ရတာ မပြောပါနဲ့တော့.. ဟီး ဟီး ဟီး.. ခရီးမသွားခင် မေ့ပြီးတော့ လက်ဆွဲအိတ်ထဲမှာ ??? အကြီးကြီး ထည့်ထားမိတာကိုး... ယိုးဒယားမှာ ဝယ်ခဲ့တဲ့ ??? တော့ ဆုံးသွားတာပေါ့။...
ဘာပစ္စည်းလေးလဲ သိလား ?? 
ကဲ.. ယိုးဒယားရောက်ရင်ဖြင့် ဆည်းဆာ ဆိုတာ Scissors ဖြစ်ကြောင်း သတိရလိုက်ပါနော်။
မြန်မာလို အနီးစပ်ဆုံး အသံထွက်က နားလည်သလောက် "ဆစ်ဇ်ဇာ" လို့အသံထွက်ပါတယ်။ Merriam-Webster Dictionary မှာတော့ ဒီလို အသံထွက်ထားပါတယ်။ ခုတော့ .. ဆည်းဆာ .. ဆည်းဆာ ဆိုတော့... ဟီး...
Sunday, May 3, 2009
ကြုံရဆုံရ အချိန်လေးများ (၁)
Subscribe to:
Post Comments (Atom)






4 Comments:
အစကတည်းက ထင်တာပဲ (ဟီး လျှောက်တွေးနေတာ ရမ်းတုတ်တော့မလို့ ကံကောင်းလို့ )
လေးစားလျက်
တောင်ပေါ်သား
ဟုတ်တယ်အကိုေ၇...ဘာတွေအသံထွက်မှန်းကိုမသိတာ..
နှစ်ခြောက်လောက်ပြန်မေးရတယ်....
ဟဟ ဖတ်ပြီးရယ်သွားတယ်...
အစ်မလိုဖြစ်နေပြီ...
ဒီမှာ ကိုယ်တာဝန်ယူပြီး အလုပ်သွင်းပေးလိုက်တဲ့
သူတစ်ယောက် ဂျပန်စကားပြောမရလို့ အင်္ဂလိပ်လိုပြော
တာ သူပြောတာကိုယ်နားမလည် ကိုယ်ပြောတာလည်း
သူနားမလည်ဘူး..ပြီးရော.. အစ်မ စထရက်စ် ရသွား
တယ်...ဟဟ.. ပို့စ်ရေးထားသေးတယ်.. မတင်ဖြစ်သေး
ဘူး။ :D
ဟုတ်ပါ့ အဲဒါတော့ နိုင်ငံတိုင်းဗျ သူတို့ ဒေသသံ
ခေါ်မလား ကျနော်တို့ဆို ငါးပိသံပေါ့ဗျာ...။
အဲလိုဆိုတော့ တော်ရုံ နားရည်မ၀သေးသူ
ဆို လည်ကုန်ရောဗျ။
ကပ်ကြေးထင်တာပဲ ဟုတ်တယ်ဟုတ်
Post a Comment