နည်းပညာ မှတ်တမ်းအပိုင်း (၁)
နည်းပညာ မှတ်တမ်း အပိုင်း (၂)ကို ဆက်လက်တင်ဆက်လိုက်ပါတယ်ဗျာ။ အခုတလော ရာသီဥတုက သိသိသာသာကို ပူလာပါတယ်။ ပူစပ်ပူလောင်ကြီးနဲ့ နေရတာ လုံးဝမကောင်းပါဘူး။ အပြင်သွားရင်ပိုဆိုးပြီပေါ့.. ကဲ.. ဒီမှာ လာပါပြီ.. ဆိုလာ ဦးထုပ်လေးတွေနော်... နေပူထဲ ဆောင်းသွားရင်.. နေရောင်ခြည်စွမ်းအင်သုံးထားတဲ့ မျက်နှာရှေ့ကပန်ကာလေးက တဝှီးဝှီးနဲ့ လည်ပေးဦးမှာတဲ့.. ဇိမ်ပဲ.. ဇိမ်ပဲ.. ဟဲ ဟဲ...။ 

ဒီအောက်က အမဲရောင် ပစ္စည်းလေးကတော့ လေဆာ ကီးဘုတ်လေးပါပဲ။ ခလုတ်ဖွင့်လိုက်တာနဲ့ ပြင်ညီမျက်နှာပြင်ပေါ်မှာ ကီးဘုတ်လက်ကွက်လေးတွေ ... မျက်လှည့်ပြသလို ပေါ်လာတော့တာပေါ့။ ရိုက်ချင်တဲ့စာလုံးကို တကယ့်ကီးဘုတ်အတိုင်း ရိုက်နိုင်ပါတယ်။ ဒါပေမဲ့ ပြင်ညီမျက်နှာပြင်ပေါ်မှာ ရိုက်ရတာဆိုတော့ အားရပါ့မလားမသိ... အောက်က ယူကျု ဗွီဒီယိုကလစ်လေးမှာ အသုံးပြုပုံလေး ကြည့်လို့ရပါတယ်နော်..

ကဲ.. လာပါပြီ နောက်တစ်မျိုး... ဝါးတားပရုဖ် တီဗွီလေးတွေပါတဲ့။ ရာသီဥတုပူလို့ စိတ်မရွှင်လန်း ဖြစ်နေပါသလား ??? ရေအေးအေးလေး စိမ်ချိုးရင်း နှစ်သက်ရာ တီဗွီလိုင်းလေးတွေကို ရွေးချယ်ကြည့်ရှုနိုင်ပါပြီနော်... ရေစိုခံတဲ့အတွက် ရေဝင်ပြီးပျက်စီးသွားမှာ လုံးဝစိတ်အေးရပါတယ်။ ရေစိမ်ရင်း တီဗွီကြည့်ရတာ ဇိမ်ပဲနော်.. ဟဲ ဟဲ... ရေစိုခံ တီဗွီတွေက အရွယ်အစား လက်မအလိုက်ဈေးတော့ နဲနဲ ကြီးတယ်။

နောက်ဆုံးအနေနဲ့ ကားမောင်းရင်း၊ အလုပ်လုပ်ရင်း ဟန်းဖုန်းသုံးပြီး အလုပ်များချင်ယောင် ဆောင်သူများအတွက်ပါတဲ့။ ဘလူးသု တက်ကနော် လော်ဂျီနဲ့မဟုတ်ပဲ မိမိရဲ့ ဟန်းဖုန်းကိုပဲ ပုံမှာပြထားသလို တပ်ဆင်အသုံးပြုရမှာပါတဲ့။ အမြင်မှာတော့ သိပ်ပြီး စတိုင်လ် မကျလှဘူးဗျ... ဟဲဟဲ.. ပြောရမယ်ဆိုရင် အပြာရောင်သွား (BLUETOOTH) က ပိုကောင်းတာပေါ့နော်...

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ယခုပို့စ်ကို ပုံနှိပ်ရန်။






1 Comments:
အယ် ... အထူးအဆန်းလေးတွေ ကြည့်ရလို့ ကျေးဇူးနော် အကို
Post a Comment