ဟိုး.. ရှေးရှေးတုန်းကပေါ့ကွယ်.. ရန်ကုန်လို့ အမည်ရတဲ့ ရွှေမြို့တော်ကြီးမှာပေါ့.. အရမ်းခင်ကြတဲ့ သူငယ်ချင်း ခြောက်ယောက် ရှိလေသတဲ့။ သွားအတူ၊ လာအတူ၊ ကျောင်း အတူတူတက်လို့ ပျော်ရွှင်စွာနဲ့ပဲ စတိတ်ကျောင်းသား ဘဝလေးကို ဖြတ်သန်း ခဲ့ကြသတဲ့။ ဒီလိုနဲ့ နဝမတန်း အရောက်မှာပေါ့ကွယ်.. ဝိုင်းကျူရှင် အတူတူ တက်ဖြစ်ခဲ့ကြပြီး ပိုလို့ ရင်းနှီး ခင်မင်သွားကြပါသတဲ့။ အမှတ်တရ အနေနဲ့ P.O.L. ဆိုတဲ့ နာမည် ပညတ်လေးပေးပြီး သွေးစည်းခဲ့ကြပါသတဲ့ကွယ်.. POL ဆိုတာက Power Of Leopard ကို ထိပ်စာလုံးတွေ ယူသုံးထားခြင်းသာဖြစ်ပါသတဲ့.. ဒီအောက်က ပုံလေးကတော့ အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေမှာ နိုင်ငံခေါင်းဆောင်တွေ လက်ချင်းချိတ် ရိုက်တာကို အားကျပြီး သကာလ.. (၁၉၉၉) ခုနှစ် ရဲ့ ခရစ်စမတ်စ် နေ့လေးမှာ ပဲအမျိုးမျိုးထုတ်ရင်း ဓာတ်ပုံရိုက်ခံခဲ့ ကြပါသတဲ့ကွယ်...
အဋ္ဌမတန်းအတွက် ဆုယူတဲ့နေ့တုန်းက ရန်ကုန်မြို့ရဲ့ ထိတ်ထိတ်ကျဲ ကျောင်းတော်ကြီးမှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါသတဲ့။
၁၉၉၅ ခုနှစ်ရဲ့ အောက်တိုဘာလ နေ့လေးတစ်နေ့မှာပေါ့ကွယ်။ ကျိုက်ထီးရိုး စေတီတော်မြတ်ကို ဖူးမျှော်ဖို့.. တောင်တက်ရင်း လမ်းမှာ တစ်ထောက်နားနေတုန်း ဓာတ်ပုံရိုက်ခဲ့ကြသတဲ့ကွယ်။ တစ်ယောက်လိုနေတာ သတိထားမိသွားတဲ့ POL အဖွဲ့သားတွေလဲ ခေါင်းချင်းဆိုင် တိုင်ပင်ပြီး တစ်စုံတစ်ယောက် သောသူနဲ့ အစားထိုးရင်း မဖြစ်ဖြစ်အောင် ရိုက်ခဲ့ကြသတဲ့ကွယ်... (သေသေချာချာ ရှုစားကြပါကုန်... )
ပထမဆုံး လက်ချင်းချိတ် ရိုက်ခဲ့ကြပြီး.. ၅ နှစ်တိတိ အကြာမှာပေါ့ကွယ်.. (၂၀၀၄ ခုနှစ်၊ ခရစ်စမတ်စ်နေ့)... အဲဒီအချိန်မှာ နိုင်ခြံဂါး ရောက်နေတဲ့ အဖွဲ့ဝင်တွေလဲ အမိမြေကို အသီးသီး အလည်ပြန်လာရင်း ပထမဆုံး ရီယူနယံ လုပ်ဖြစ်ခဲ့ကြပါသတဲ့ကွယ်။ အဲဒီနောက်.. ကျိုက်ထီးရိုး စေတီတော်ကြီးကို အဖွဲ့သားတွေစုပြီး သွားဖြစ်ခဲ့ကြသတဲ့... ဒီတစ်ခါလည်း အကြောင်းအမျိုးမျိုးကြောင့် ခြောက်ယောက် မစုမိပဲ နှစ်ယောက်လိုသွားခဲ့ပါသတဲ့ကွယ်...
အရမ်းခင်ကြတဲ့ အဖွဲ့သားတွေ အားလုံးနီးပါး (အားလုံးမဟုတ်..) ဟာ ဆယ်စုနှစ် တစ်ခု အကျော်မှာတော့ အမိမြေနဲ့ အလှမ်းဝေးတဲ့ နိုင်ငံတွေမှာ ရောက်ရှိနေကြပါသတဲ့။ အဲ.. ဘာလိုလိုနဲ့ ဒီနှစ် ခရစ်စမတ်စ်နေ့ ဆိုရင်တော့ အာဆီယံ လက်ချင်းချိတ် ဓာတ်ပုံရိုက်ခဲ့တာ (၁၀-နှစ်) တင်းတင်း ပြည့်တော့မှာ ဖြစ်ပါသတဲ့ကွယ်.. သူတို့လေးတွေရဲ့ စိတ်ကူးတွေထဲမှာ ရီယူနယံ ပြန်လုပ်ဖို့ အလွန်အမင်း စိတ်အား ထက်သန်နေကြသတဲ့။ ရီယူနယံပြန်လုပ်ဖြစ်မဲ့ အချိန်နဲ့ နိုင်ငံနေရာကိုတော့ POL ထိပ်တန်း ခေါင်းဆောင်တွေ နေ့မအားညမနား စဉ်းစားသုံးသပ်လျက်ရှိနေပါတယ် ဆိုတာကို တင်ပြရင်း.....
မှတ်ချက်။ ။ငယ်ဘဝ အမှတ်တရလေးကို ဘလော့ဂ်မှာ တင်ဖြစ်ပါတယ်။ အသက်တွေရလာလို့ တစ်ချိန်ချိန်မှာ ဘလော့ဂ်လေးကို ပြန်ကြည့်ဖြစ်မယ်ဆိုရင်.. ငယ်ဘဝ အကြောင်းလေးတွေ ပြန်လည်သတိရ လွမ်းဆွတ်ရအောင် ရည်ရွယ်ပါတယ်။ ချစ်သူငယ်ချင်း အောင်သိန်း ရဲ့ ဘလော့ဂ်မှာ POL အကြောင်းလေးတွေ ပြည့်ပြည့်စုံစုံ ရေးထားပါသေးတယ်။ ကျေးဇူးပါ.. သူငယ်ချင်းရေ...
ရီယူနယံ = Reunion
စတိတ် = State High School
နိုင်ခြံဂါး = Foreign Country
အာဆီယံ = A.S.E.A.N.
ရွှင်လန်းချမ်းမြေ့ကြပါစေ။
Thursday, May 14, 2009
Power Of Leopard ( P.O.L. )
Subscribe to:
Post Comments (Atom)






8 Comments:
သူငယ်ချင်းတွေ အဲလောက်ချစ်ကြတယ်လား..
ပျော်စရာကြီး...
၎ ယောက် နဲ့ ၅ ယောက်မှာ ဘယ်သူတွေလိုနေတယ်
ဆိုတာတော့ မသိတော့ဘူး မောင်နေလင်းရေ..ဖွား
ဖွားက မျက်စိမွဲပြီကွဲ့... ဟတ်ဟတ်. :P
ကောင်းတာပေါ့ ငယ်ငယ်တုန်းက အမှတ်တရလေးတွေ
ပြန်တင်နိုင်တာ... တော်တယ်.း)
10:38 PM (16 hours ago)
Kyaw K. Soe ✆ to me : (via gmail)
အလွန်ကောင်းလှတဲ့ အတိတ် ဇာတ်လမ်းလေး တစ်ပုဒ်ပါလားကွယ်။ ဒီလို သေသေချာချာလေး ရေးထားတော့ အမှတ်တရပေါ့။ ကျေးဇူးပါ...။
ဆန္ဒရှိရင်ဖြစ်မှာပါ ..
အမြန်ပြန်လည်ဆုံတွေ့ကြပါစေး)
သူငယ်ချင်းတွေ အရမ်းချစ်ကြတာတွေ့ရတော့ အရမ်း ၀မ်းသာမိပါတယ်။ ပြန်ပြီး reunion လုပ်နိုင်ကြပါစေဗျာ..
လေးစားလျက်
တောင်ပေါ်သား
အားကျတယ်ဗျာ။ :D
အာဆီယံ လို လက်ချင်းချိတ် ရိုက်ထားတာတော့ သဘောအကျဆုံးပဲ..
သူငယ်ချင်းတွေ အောင်မြင်မှုတွေနဲ့ ပြန်လည် ဆုံတွေ နိုင်ကြပါစေ..း)
ငယ်ဘဝရဲ့ပုံရိပ်တွေဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် လန်းဆန်းတဲ့ အငွေ့အသက်တွေနဲ့ ကျေနပ်စရာကောင်းနေမှာပါ။ သူငယ်ချင်းကောင်းတွေနဲ့ ဆုံခဲ့တာဟာလည်း ကံကောင်းခြင်းတမျိုးပါပဲ ကိုနေလင်းရေ...
စီဘုံးမှာ ၁၀ခါလောက်ရေးတင်တာမရဘူး မောင်လေးနေလင်းရေ...
ဒီမှာ ထည့်သွားပြီ..
အဟမ်းးးအဟမ်းးး တက်ဂ်ပို့စ်ရေးပါဗျို့လို့လာအော်မလို့
ကို အိမ်ရှင်နဲ့ကွန်ပြူတာရန်ဖြစ်နေလို့ အားနာပြီးပြန်သွား
ပြီ။ မအော်တော့ဘူး အားနာလို့ ရေးပစ်ခဲ့ပြီ။ အဟတ်
ဘိုင်
အိုရာစုမိနာဆိုင်း
Post a Comment