Monday, June 29, 2009

ကြုံရဆုံရ အချိန်လေးများ (၂)

ဘလော့ဂ်မရေးဖြစ်တာ အတော်လေးကို ကြာသွားပါတယ်။ ဖုန်တွေ ပင့်ကူတွေ တက်နေ လောက်ရောပေါ့.. ဟီးဟီး... ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ဖုန်လေးဘာလေး လာသုတ်ရင်း အားလုံးကို မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်နော်...

ဟိုနေ့က ကြုံခဲ့ရတဲ့ အမှတ်တရ အဖြစ်အပျက်လေးတစ်ခုပါဗျာ.. ဒီမှာ ရန်ကုန်က စီးတီးမတ်လိုမျိုး ကုန်တိုက်တွေ အတော်များများ ရှိပါတယ်။ အိမ်နဲ့ သိပ်မဝေးတဲ့ အိုက်မိုင် (愛買) ကုန်တိုက်ကိုတော့ အမြဲလိုလို ရောက်ဖြစ်ပါတယ်။ ဒီတလော ရာသီဥတုကလည်း ရေကူးကန်တွေက ရေနွေးငွေ့လှုံတဲ့ အိမ်လေးတွေထဲ ဝင်ထိုင်မိသလား ထင်မှတ်မှားရလောက်အောင် အရမ်းပူလာတော့ နှစ်ယောက်သား အိုက်မိုင် ကုန်တိုက်ဆီသို့ ချီတက်ခဲ့ကြပါတော့တယ်.. ဒန်တန်တန်...


ကုန်တိုက်ထဲ ဝင်ပြီး ဟိုငေးဒီငေးရင်းနဲ့ (ကိုယ်တို့လိုပဲ.. ဟိုငေးဒီငေး အဲယားကွန်းလာခံတဲ့ သူတွေ ဒုနဲ့ဒေး .. အဟေးဟေး ပျော်စရာကြီးနော် ..) တနေရာအရောက်မှာ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ၊ ခြေသုတ်ပုဝါ စတာတွေ ညီညီညာညာစီပြီး အရောင်းပြထားတာ တွေ့လိုက်ပါတယ်။ အဲ.. ဈေးနှုန်းကို ဖြတ်ကနဲ ကြည့်လိုက်တော့ NT$ 30 တဲ့... အရောင်မျိုးစုံ၊ အကြီးအသေး ဆိုဇ်မျိုးစုံ ဒီဇိုင်းတွေကလဲ လှမှလှ.. ဟဲ ဟဲ.. ဒါနဲ့ ဘယ်ရမလဲ.. နှစ်ယောက်သား ဒီဇိုင်းလှလှ၊ ဆိုဇ်ကြီးကြီးတွေ အပြတ်ရွေးပစ်လိုက်တာပေါ့.. ကြိုက်တာယူ NT$ 30 ဆိုတော့ အရမ်းတန်နေတော့တာပေါ့... ဒီလောက်ဈေးချိုတာ တစ်ခါမှ မမြင်ဖူးဘူးပေါ့ .. နှစ်ယောက်သား ပြောရင်း ရွေးရင်း ပီတိတွေ ဖြာလို့.. ဟီးဟီး..

အဲ.. နှစ်ယောက်သား စိတ်ကြိုက် ရွေးပြီးပြီ ဆိုတော့မှ ပက်ကင်း လုပ်ဖို့ အဲဒီနေရာမှာပဲ တန်းစီလိုက်ပါတယ်.. အရောင်းဝန်ထမ်းနား ရောက်မှ မျက်ဝါးထင်ထင် ဗွားကနဲ တွေ့လိုက်ရတာကတော့... အလေးချိန်ချိန်တဲ့ ဒီဂျစ်တယ်ချိန်စက်လေးပါပဲ.. မြင်လိုက်တာနဲ့ သွားပြီ.. သွားပြီ.. ဆိုတာ သိလိုက်ပါတယ်.. အဲယားကွန်းခန်းထဲမှာ ချွေးတွေပြန်လာပါတယ် ဟဲဟဲ... ဟန်ကိုယ့်ဖို့ဆိုတာ ရှိသေးတယ် မဟုတ်လား... ဟီး.. ဒါနဲ့ မျက်နှာသုတ် ပုဝါတစ်ထည်ကို အရင်ချိန်ခိုင်းလိုက်ပါတယ်.... NT$ 86 တဲ့.. ဒါနဲ့ ဘယ်ရမတုန်း ခြေသုတ်ပုဝါလေးကို ဈေးပေါမလားဆိုပြီး ထပ်ချိန်ခိုင်းလိုက်တာ NT$ 100 ကျော်တဲ့.. ဟဲ ဟဲ .. နှစ်ယောက်သားထင်ထားတာက ကြိုက်တာရွေး NT$ 30 လို့ထင်ထားတာကိုး.. စာကို သေသေချာချာ မဖတ်မိလို့ ... သေသေချာချာ ဖတ်ကြည့်တော့မှ အလေးချိန် ၁၀၀ ဂရမ်ကို NT$ 30 လို့ မထင်မရှားသေးသေးလေး ရေးထားတာ တွေ့လိုက်ရပါတယ်... 30 ဆိုတာကြီးကို ပြူးနေအောင်ရေးထားတော့လည်း တစ်ထည် သုံးဆယ် ထင်မှတ်မှားခဲ့ရပါတော့တယ်။

မှတ်ချက်။ ။ရန်ကုန် ယုဇနပလာဇာနားမှာ ပိတ်စတွေ အလေးချိန် ချိန်ပြီးရောင်းတာတော့ မြင်ဖူးသား.. မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ စတာတွေ အလေးချိန်ချိန်ပြီး ရောင်းတာကိုတော့ နိုင်ခြံဂါးမှာ ပထမဆုံးအကြိမ် ကြုံရဆုံရခြင်းဖြစ်ပါကြောင်း။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ယခုပို့စ်ကို ပုံနှိပ်ရန်။

6 Comments:

khin oo may said...

နည်းမျိုးစုံ..ရိုးနေပြီ..ဟိုးဟိုးခံရပေါင်းများလို့။

Ko Boyz said...

အင်း.. တို့ကတော့ မယူဘူး ပြန်ထားလိုက်မှာ.
အဆစ်လဲ မပေးပဲနဲ့ ဘယ်လို ဝယ်မှာလဲ..။
အဝက်သားပဲ ပေးပါဆိုပြီးပြောဝယ်လို့ရတာလဲ မဟုတ်...။

တောင်ပေါ်သား said...

အဟီးးး လူလည်ကြီး နပ်ခံလိုက်ရတယ်ပေါ့း) သေချာ ဖတ်နောက်တခါ မျက်မှန်ပါ ယူသွား

လေးစားလျက်
တောင်ပေါ်သား

မီးငယ် said...

အကိုကြီး မျက်နှာသုပ်ပုဝါကို တစ်ခြမ်းပဲပေးပါလို့ပြောလိုက်လေ :P

မြစ်ကျိုးအင်း said...

ဟုတ်တယ် ဒီနည်းက ခဏခဏခံရလို့ ဂရုစိုက်နေရတယ်...။အဲဒါနဲ့ ဘယ်လောက်တန် ၀ယ်ဖြစ် သလဲဗျ...။ကိုနေလင်း မေးလ်ကို အက်ထားမယ်ဗျာ..။
..ခင်မင်သောအားဖြင့်...

TZA said...

လူတက်ချိန်လိုက်ပေါ့ဗျာ.. တန်အောင်လို့.. ဟဲဟဲ..

(စကားမစပ်.. မြစ်မြစ်က လူစုထားမယ်ဆိုပဲ.. တွေ့ကြတာပေါ့)