မင်္ဂလာပါ။ ဒီနေ့တော့ ကျွန်တော့်ရဲ့ ကွန်ပျူတာလေးမှာ လက်ရှိအသုံးပြုနေတဲ့ ဆော့ဖ်ဝဲလ် ကောင်းလေးတွေကို ဝေမျှလိုက်ပါတယ်။ သိပြီးသားဆိုရင်တော့ ဆောရီးပါ.. မသုံးဖြစ်သေးတဲ့ ဘလော့ဂ်မောင်နှမတွေ အတွက် ကြိုက်နှစ်သက်ရင် အခမဲ့ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပါတယ်ဗျာ...
ကဲ.. ပထမဆုံး အနေနဲ့ OOVOO ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးကို မိတ်ဆက်ပေးပါရစေ။ Yahoo messenger, Skype, VZO chat စတာတွေနဲ့ ခပ်ဆင်ဆင်တူတဲ့ Video Chatting Software လေးပါပဲ။ Software လေးကို ဒေါင်းပြီး အကောင့် တစ်ခု တည်ဆောက်လိုက်မယ် ဆိုရင်ပဲ စတင် အသုံးပြုလို့ရသွားပါပြီနော်... သူ့ရဲ့အားသာချက်တစ်ခုကတော့ မိမိကို ခေါ်ဆိုနိုင်မဲ့ လင့်ခ်လေးကို သူငယ်ချင်းမိတ်ဆွေတွေကို ပေးထားခဲ့မယ်ဆိုရင် သူတို့နဲ့ အလွယ်တကူ video chatting ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေ ဆီမှာ Software သွင်းထားစရာမလိုအပ်ပဲ လင့်ခ်ကိုနှိပ်လိုက်တာနဲ့ မိမိသာ အွန်လိုင်းမှာ ရှိခဲ့ရင် သူငယ်ချင်းတွေနဲ့ စိတ်ကြိုက် တော့ကီပွားနိုင်ပြီပေါ့..
ကြိုက်နှစ်သက်လို့ စမ်းပြီး သုံးကြည့်ချင်ရင်တော့ ဒီနေရာလေးမှာ နှိပ်လိုက်ပါ။ ကျွန်တော်တော့ အတော်လေးကို သဘောကျမိပါတယ်။
ဒုတိယ မိတ်ဆက်ပေးမဲ့ ဆော့ဖ်ဝဲလ်လေးကတော့ PPS ဆိုတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ၊ သတင်းတွေ ကြည့်နိုင်တဲ့ ဆော့ဖ်ဝဲလ်လေးပါ။ နောက်ဆုံးထွက် ရုပ်ရှင် ဇာတ်လမ်းတွေကို ကွာလတီ ကောင်းကောင်းလေးနဲ့ ကြည့်ချင်တယ်ဆိုရင်တော့ ဒီဆော့ဖ်ဝဲလ်လေးက အတော်လေးအသုံးဝင်မှာ ဖြစ်ပါတယ်။ ဒီဗွီဒီ ကွာလတီနဲ့ ရီဆိုလူးရှင်း တော်တော်လေးကို ပြတ်သားပြီး အသံထွက် အလွန်ကောင်းမွန်တာမို့ သုံးကြည့်မယ်ဆိုရင် ကြိုက်နှစ်သက်မိမှာ ဧကန်မလွဲပါပဲ...
ဒီနေရာလေးမှာ သွားရောက်ပြီး ဒေါင်းနိုင်ပါတယ်နော်.. ကဲ .. ပြောနေကြာတယ်.. အခုပဲ.. ရုပ်ရှင်တွေ တစ်ဝကြီး ကြည့်လိုက် ကြရအောင်နော်...
နောက်ထပ်မိတ်ဆက်ပေးမဲ့ အခမဲ့ ဆော့ဖ်ဝဲလ်လေးကတော့ Mediaringtalk software လေးပါပဲ။ Software လေးကို ထုံးစံအတိုင်း ဒေါင်းပြီး Account registration လုပ်လိုက်တာနဲ့ နိုင်ငံ ရှစ်နိုင်ငံကို ကွန်ပျူတာကနေ ဖုန်းခေါ်လို့ရသွားပါပြီ... F.O.C. (Free Of Charge) ဖြစ်ပါတယ်... ဒါပေမဲ့ ၁၀ မိနစ်သာ ပြောလို့ရအောင် ကန့်သတ်ထားပါတယ်... အကြိမ်ကြိမ် နှစ်သက်သလောက် ထပ်ခေါ်ပြီး တစ်နေကုန်ထိုင်ပြောနေလို့လဲ ရပါတယ်.. ဟဲဟဲ...
အမေရိကန်၊ ကနေဒါ၊ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင် တွေမှာ ရှိတဲ့ (မိုဘိုင်း+ကြိုးဖုန်း) တွေ ကို အခမဲ့ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ... ထိုင်ဝမ်း၊ အင်္ဂလန် နဲ့ သြစတြေးလျ နိုင်ငံတွေရဲ့ ကြိုးဖုန်းတွေကိုသာ အခမဲ့ ခေါ်လို့ရမှာ ဖြစ်ပါတယ်။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေး မှာ ဒေါင်းပြီးတော့ အသုံးပြုနိုင်ပါပြီ.. အခမဲ့ ဆိုပေမဲ့ အသံကွာလတီ အလွန်တရာမှ ကောင်းမွန်လှတာကို တွေ့ရမှာပါ။ အဲဒီနိုင်ငံ ရှစ်နိုင်ငံမှာ သူငယ်ချင်းမိတ်ဆွေတွေ ရှိခဲ့ရင် ကွန်ပျူတာကနေ အခမဲ့ စမ်းခေါ်ကြည့်ကြရအောင်နော်...
ဒီပို့စ်လေးမှာ နောက်ဆုံးအနေနဲ့ မိတ်ဆက်ပေးချင်တာကတော့ VSO Software လေးပါပဲ။ အခုနောက်ပိုင်း ဒီဂျစ်တယ် ကင်မရာခေတ်ကိုရောက်လာတော့ resolution ကောင်းကောင်းလေးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ file size ကြီးနေတာကြုံရမှာပါ။ File size ကို မိမိနှစ်သက်ရာ ရာခိုင်နှုန်း အလိုက်ဖြစ်စေ၊ သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်းဖြစ်စေ လိုအပ်သလို ချုံ့နိုင်စွမ်းရှိပါတယ်။ Ctrl+A နှိပ်ပြီး Folder တစ်ခုလုံးမှာ ရှိတဲ့ ဓာတ်ပုံတွေကို Destination Folder ထဲသို့ တိုက်ရိုက် လွယ်ကူ လျှင်မြန်စွာ ချုံ့ပြီး ဖန်တီးနိုင်ပါတယ်နော်...
ဒီနေရာလေးမှာ ဒေါင်းပြီး စမ်းသုံးကြည့်နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်လေးတစ်ခုပါပဲ...
Software လေးတွေ စမ်းသုံးတဲ့အခါမှာ အခက်အခဲလေးတွေ ရှိခဲ့မယ်ဆိုရင် အားမနာတမ်း မေးမြန်းနိုင်ပါတယ်... :)
အလည်လာတဲ့ ဘလော့ဂ်မောင်နှမတွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
Wednesday, August 19, 2009
Currently Using Favourite Softwares
ရေးသားသူ - နေလင်း at 23:06
စာညွှန်းများ - နည်းပညာ, မျှဝေခြင်း
Subscribe to:
Post Comments (Atom)






3 Comments:
မှတ်ထားတယ် အကို ကျနော့်ကတော့ ရုပ်ရှင်တွေကို Tom365 မှာကြည့်တယ်။ QVod လေးတော့ ဒေါင်းရတယ် ။ တော်တော်ကို ကောင်းပါတယ် ဒေါင်းလုတ်လဲ အရမ်းမြန်တယ်း) အပေါ်က ချက်ဆော့ဝဲလ်ကတော့ ဂျပန်ကလူတွေ အသုံးများတယ်ထင်တယ် တခါ လုပ်ဖူးတယ် မထူးလို့ ဖြုတ်ထားတယ်
လေးစားလျက်
တောင်ပေါ်သား
အကိုနေလင်းရေ...
မျှဝေထားတဲ့ Softwareတွေ အားလုံးဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်...
OOVOOကို စမ်းကြည့်လိုက်ဦးမယ်...
PPSလည်း စိတ်ဝင်စားတယ်...
မြန်မာကို ဖုန်းအလကားခေါ်လို့ရမယ်ဆိုရင် အတိုင်းထက်အလွန်ပဲ... :D
အားလုံးကို စိတ်ဝင်စားတယ်။ ဖုန်းခေါ်တဲ့ ကောင်လေးက အစွဲဆောင်နိုင်ဆုံးပဲ။ thz bro
Post a Comment