ဟိုတလောက ရောက်ခဲ့တဲ့ နိုင်ငံကြီးတစ်နိုင်ငံရဲ့ လေဆိပ်မှာ ကြုံခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးတစ်ခုကို ဝေမျှချင်ပါတယ်....
ပြန်မဲ့နောက်ဆုံးရက်မှာပေါ့... အဲ ... လေဆိပ် ဒီပါချာဟောလ် ရောက်တော့ တိုးဂိုက်က ပြောရှာပါတယ်... Boarding pass တွေကို စက်အသုံးပြုပြီး ကိုယ်တိုင်ထုတ်ယူရမယ်တဲ့ .. ဒီကလဲ တောသားဆိုတော့.. အူလည်လည်နဲ့ပေါ့... ပထမဆုံးသူ့ရဲ့ ပတ်စ်ပို့စ်နဲ့ အစမ်း ထုတ်ပြပါတယ်... Touch Screen မှာပဲ ဟိုနှိပ်ဒီနှိပ် ၄-၅ ချက် နှိပ်လိုက်တာ... Boarding pass ကလျှောကနဲ ထွက်လာပါတော့တယ်..
ဟဲဟဲ.. ဘယ်ရမလဲ.. ဒီကလဲ ခေသူမဟုတ်... သင်ပြထားသလိုပဲ ပတ်စ်ပို့စ် ဓာတ်ပုံပါတဲ့ စာမျက်နှာကို Sensor area မှာအသာအယာ ထားလိုက်ပါတယ်.. ပူတူတူလေးကိုလဲ ဗွီဒီယိုရိုက်ပေးဖို့ မှာထားရတာပေါ့.. အမှတ်တရလေးဖြစ်သွားအောင်လို့.. အရင်တုန်းက တစ်ခါမှ မလုပ်ခဲ့ဖူး တာကိုး...... ဟီး..
တီ တီ တီ... မြည်လာပါတယ်.. အလန့်တကြားနဲ့.. Error message ဖတ်ကြည့်လိုက်တော့.. စက်က ပတ်စ်ပို့စ်ကို မသိဘူးဖြစ်နေပါတယ်.. အဲ .. ဒါနဲ့ ဒုတိယအကြိမ် ထပ်ကြိုးစားကြည့်ပါတယ်... စက်များပျက်နေသလားပေါ့... လက်နဲ့ ပတ်စ်ပို့စ်ကြီးကို အသေဖိထားလဲ... ဟဲ ဟဲ.. ဒီတစ်ခါလဲ Error message ထပ်ပေါ်လာပြန်ပါတယ်.. ကဲ.. ထူးတော့ဘူး.. ဒီတစ်ခါတော့.. ဓာတ်ပုံ ကို အထက်အောက် ပြောင်းပြန်ထားပြီး Sensor area မှာ နောက်ဆုံးအကြိမ် ကြိုးစားကြည့်ပါတယ်.. မရပါဘူး... စက်က လုံးဝကို မဖတ်တာပါ... ဗွီဒီယိုရိုက်ပေးနေတဲ့ ပူတူတူလေးကလဲ.. ဆက်ရိုက်ရမှာလား ရပ်လိုက်ရတော့မလားလို့ မေးရှာပါတယ်.. ဒီမှာလဲ.. အဲယားကွန်းခန်းမမှာ ချွေးတွေပြန်နေပါတော့တယ်... နောက်ဆုံး အနားက Airliner staff ကိုခေါ်မေးပြီးပြတော့မှ ပဲ.. ပတ်စ်ပို့စ်မှာ Machine readable barcode မပါလို့ မရပါဘူးတဲ့.. ကိုယ်တိုင်ကိုယ်ကျ ကောင်တာမှာ တန်းစီပြီးတော့ Boarding pass ထုတ်ယူဖို့ ရှင်းပြတော့မှပဲ...... နောက်ဆုံး လက်လျှော့လိုက်ရပါတော့တယ်... မလျှော့လို့လဲ မရတော့ဘူးလေ... ဟီးဟီး... ကိုယ့်အနောက်မှာ တန်းစီနေတဲ့ အခြားနိုင်ငံသားတွေက လဲ ကွက်ကြည့်ကွက်ကြည့်နဲ့.. .. ..
ကဲ .. ဒီလိုအခက်အခဲတွေကနေ လွတ်မြောက်ပြီး နိုင်ငံတကာမှာ မျက်နှာပန်းလှစေဖို့.. Machine Readable Passport (M.R.P.) တွေကို ဒီနှစ် ၂၀၁၀ ဧပြီလမှာ (သင်္ဘောသား ပတ်စ်ပို့စ် တွေက - မတ်လ) မှာ ထုတ်ပေးတော့မှာ ဖြစ်ကြောင်း အင်တာနက်မှာ ဖတ်လိုက်ရလို့ သတင်းကောင်းလေး ဝေမျှ လိုက်ရပါတယ်...
ပုံပေါ်မှာ ကလစ်နှိပ်ပြီး ပုံကြီးချဲ့ ဖတ်ရှုနိုင်ပါတယ် ...
(Special thanks to Weekly Eleven News Journal , Vol: 5, No: 21, 3rd March, 2010 internet pdf version)
Wednesday, March 3, 2010
Myanmar M.R.P. will be available soon !!!
ရေးသားသူ - နေလင်း at 20:46
စာညွှန်းများ - ခရီးသွား, ဗဟုသုတ, မျှဝေခြင်း, မြန်မာ
Subscribe to:
Post Comments (Atom)






0 Comments:
Post a Comment